လီခေ့ချန် ပါကစ္စတန်ဝန်ကြီးချုပ်ရှာရစ်ဗ်နှင့်တွေ့ဆုံ

2016-09-23 11:17:30 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ဒေသစံတော်ချိန် ၂၁ ရက်နေ့ မနက်ပိုင်းက နယူးယောက်မြို့၌ ပါကစ္စတန်ဝန်ကြီးချုပ်ရှာရစ်ဗ်နှင့်တွေ့ဆုံနှုတ်ဆက်ခဲ့သည် ဟုဆင်ဟွာသတင်းအရသိရသည်။

   ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် လီခေ့ချန်က တရုတ်-ပါကစ္စတန်တို့သည်  all-weather မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ပါကစ္စတန်အဆင့်မြင့်ခေါင်းဆောင်များနှင့် ရင်းနှီးစွာ ကူးလူးဆက်ဆံ ပြီး ဘက်စုံလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်းပြောကြားသည်။