တရုတ်ဗုဒ္ဓဘာသာသင်ကျောင်း တည်ထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ် ပြုလုပ်

2016-09-23 11:18:52 |သတင်းအရင်းအမြစ် 国际在线

တရုတ်ဗုဒ္ဓဘာသာသင်ကျောင်းမှ ဘုန်တော်ကြီးများ၊ တရုတ် အစိုးရ အရာရှိများနှင့် လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များ စုစုပေါင်း လူ ၅၀၀ ကျော်တို့သည် ၂၀ ရက်နေ့က ပီကင်း၌ တရုတ်ဗုဒ္ဓဘာသာသင်ကျောင်း တည်ထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ်ဗုဒ္ဓဘာသာသင်ကျောင်းကို ၁၉၅၆ ခုနှစ်က တည်ထောင်ခဲ့ခြင်းမှစပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ သင်တန်းဝင် စုစုပေါင်း တစ်ထောင်ကျော်တို့ ဘွဲ့ရ သို့မဟုတ် သင်တန်းဆင်းခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။