ကိုရှိန်ခွင် ဗီယက်နမ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးနှင့် တွေ့ဆုံ

2016-09-23 11:20:45 |သတင်းအရင်းအမြစ် 国际在线

 တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ကိုရှိန်ခွင်သည်၊ ယမန်နေ့ ၂၁ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိလာသည့် ဗီယက်နမ်ပြည်သူ့လုံခြုံရေးဌာန ဒု ဝန်ကြီး ဘွေဗန်နမ်နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ကိုရှိန်ခွင်က၊ ၂ နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနတို့သည်၊အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည့်နယ်ပယ်များ၌ အားဖြည့်ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြင့်၊ တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေးအတွက် စွမ်းဆောင်မှု ပြုနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။