ပညာရေး တံခါးပွင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်တင်မှုကို တရုတ်-အာဆီယံ

2016-09-23 11:27:20 |သတင်းအရင်းအမြစ် 国际在线

  နိုင်ငံခြား တရုတ်ဘာသာသင်ကျောင်းများ၌ ဆရာဆရာမများ ချို့တဲ့နေကြောင်း၊ တရုတ်ပြည်၏ တရုတ်ဘာသာ ဆရာဆရာမများ နိုင်ငံခြားသို့ စေလွှတ်ခြင်း လုပ်ငန်းသည် မိမိတို့၏ လိုအပ်မှုကို ဖြည့်ဆည်းပေးကြောင်း ဖိလစ်ပိုင် တရုတ်ဘာသာသင်ကျောင်းစင်တာ အမြဲတမ်းဒုဥက္ကဌ ဟွမ်ရွှေဝင်က ၂၁ ရက်နေ့ တရုတ် နန်နင်မြို့၌ ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

      ထိုနေ့တွင် တရုတ်(ကွမ်ရှီ)-အာဆီယံ ပညာရေး တံခါးပွင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကူးလူးဖလှယ်ပွဲကို နန်နင်းမြို့၌ ကျင်းပခဲ့ရာ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယားစသည့် နိုင်ငံ ၉နိုင်ငံမှ တရုတ်ဘာသာသင်ကျောင်း ၆၉ ကျောင်း၊ တရုတ် ပြည်နယ်နှင့် မြို့ ၂၈ခုမှ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွားရေးရာရုံးနှင့် သက်ဆိုင်ရာ ပညာရေးအစိုးရဌာနများမှ ကိုယ်စားလှယ် ၂၀၀ ကျော်တို့ တက်ရောက်ကြကြောင်း သတင်းအရ သိရပါသည်။