ငလျင်ဘေးတွင် ပျက်စီးသော ပုဂံ စေတီများ တရုတ် ကျွမ်းကျင်ပညာရှင်များ ကူညီ ပြုပြင်မွ

2016-09-26 10:33:49 |သတင်းအရင်းအမြစ် 国际在线

တစ်လကျော်တုန်းက မြန်မာနိုင်ငံ ပုဂံမြို့တွင် စေတီပုထိုး ရာပေါင်းများစွာခန့် အနည်းနှင့်အများ ပျက်စီးခဲ့ရကြောင်း၊ မကြာမီက တရုတ် ရှေးဟောင်း အဆောက်အဦး ပြုပြင်မွမ်းမံရေး ကျွမ်းကျင်ပညာရှင်များသည် ပုဂံမြို့သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ၏ စေတီ ပြန်လည် ပြုပြင်မွမ်းမံမှုကို ကူညီပေးနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ရှေးဟောင်း အဆောက်အဦး ပြုပြင်မွမ်းမံရေး ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ၁၉ ရက်နေ့က ပုဂံမြို့သို့ ရောက်ရှိပြီး စေတီပုထိုးများ ပျက်စီးမှု အခြေအနေကို လက်တွေ့ စုံစမ်းလေ့လာခဲ့၍ မြန်မာပြည်ဘက်၏ လာမည့်အဆင့် ပြန်လည် မွမ်းမခံရေးအတွက် အကြံပေးခဲ့ကြောင်း သိရပါသည်။

၂၁ ရက်နေ့က ကျင်းပသော ပုဂံမြို့ စေတီများ ငလျင်ဘေးပြီး ပြန်လည် ပြုပြင်မွမ်းမံရေးဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က၊ တရုတ် ကျွမ်းကျင်ပညာရှင်များသည် မြန်မာနှင့် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး စေတီပုထိုးများ ပျက်စီးမှု အခြေအနေ အကဲဖြတ်ရေးနှင့် ပြန်လည်ပြုပြင်မွမ်းခံရေး အစောပိုင်း စီမံကိန်းလုပ်ငန်းကို ကောင်းမွန်အောင် လုပ်ဆောင်လိုကြောင်း ပြောကြားသည်။