တရုတ် လူ့အခွင့်အရေးလုပ်ငန်း ဓါတ်ပုံပြပွဲကို လီပေါင်တုန်း ကြည့်ရှု

2016-09-26 10:37:25 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန် ၂၂ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လီပေါင်တုန်းသည် ကုလသမဂ္ဂ ဌာနချုပ်ရုံး၌ အဆက်မပြတ် တိုးတက်နေသော တရုတ် လူ့အခွင့်အရေးလုပ်ငန်း ခေါင်းစဉ်ဖြစ်သည့် ဓါတ်ပုံပြပွဲကို ကြည့်ရှုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

 ယခုအကြိမ် ပြပွဲကို တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ဦးစီး ပြုလုပ်ခြင်း ဖြစ်ပြီး စီအာအိုင် အသံလွှင့်ဌာနက လက်ခံ ကျင်းပခြင်း ဖြစ်ကြောင်း သိရပါသည်။