ကုလ လုံခြုံရေးကောင်စီ ဆီးရီးယားပြဿနာဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ ဝမ်ယိ တက်ရော

2016-09-26 10:44:26 |သတင်းအရင်းအမြစ် 国际在线

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိနိုင်ငံ နယူးဇီလန်နိုင်ငံ၏ ကမ်းလှမ်းချက်အရ  လုံခြုံရေးကောင်စီသည် ဆီးရီးယားပြဿနာဆိုင်ရာ အဆင့်မြင့် အစည်းအဝေးကို ကျင်းပခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယင်းအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    ဝမ်ယိက ဘက်အသီးသီးတို့အနေနှင့် ဆီးရီးယားပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ စေ့စပ်ဆွေးနွေးပွဲဖြင့် ရေရှည်ပြီး ဆက်တိုက် အကျိုးသက်ရောက်သော ဖြေရှင်းရေးနည်းလမ်းကို ရှာကြံရမည်ဖြစ်ကြောင်း ပြောကြားသည်။