အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ယဉ်ကျေးမှု

2016-09-26 11:23:08 |သတင်းအရင်းအမြစ် 新华网

မန္တလေး၊ စက်တင်ဘာလ ၂၄ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် “ဆွေမျိုးပေါက်ဖော် ယဉ်ကျေးမှု ပဒေသာကပွဲ” ကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရှိ ရွှေပြည်သာ ဟိုတယ် ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားအား မန္တလေး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း နှင့် ဖူချင့် ကွန်ဖြူးရှပ်စင်တာတို့မှ ကျင်းပခြင်းဖြစ်သည်။ခမ်းအနားသို့ တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီ ပင်လယ်ရပ်ခြား တရုတ်ရေးရာ ဌာန လက်ထောက် ညွှန်ကြားရေးမှူး Mr. Wang Zhimin ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေး၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Zongying ၊ ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် Mr. Zhang Li၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်၊ မန္တလေး တိုင်းဒေသကြီး ဘာသာပေါင်းစုံ ညီညွတ်ရေး အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း တို့ တက်ရောက်ခဲ့ကြသည်။

ပဒေသာကပွဲတွင် တရုတ်နှင့် မြန်မာ ရိုးရာ ယဉ်ကျေးမှု အဆိုအကများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများကို ဖူချင့် ကွန်ဖြူးရှပ်စင်တာ၊ မန္တလေးတက္ကသိုလ်၊ မြန်မာ့ တိုင်းရင်းဆေး တက္ကသိုလ်၊ မန္တလာကောလိပ်၊ အနုပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းအသီးသီးမှ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ဆရာမများနှင့် ဟိုတယ်ခရီးသွားသင်တန်းသားများက သရုပ်ပြ တင်ဆက် ခဲ့ကြပြီး တက္ကသိုလ်၊ မန္တလေးအသင်းအဖွဲ့၊ ဘုံကျောင်းအသီးသီး၊ စာသင်ကျောင်းအသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသား စုစုပေါင်း (၁၀၀၀) ကျော် ကြည်ရှု အားပေး ခဲ့ကြသည်။ (Xinhua)