The Long March အထိမ်းအမှတ်ပြု ပြပွဲ ရှီကျင့်ဖိန် တက်ရောက်

2016-09-26 11:32:58 |သတင်းအရင်းအမြစ် 国际在线

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၃ရက်နေ့က ပီကင်းရှိ တရုတ်ပြည်သူ့ တော်လှန်ရေး စစ်ရေး ပွဲတိုက်သို့ သွားရောက်ပြီး တရုတ် အလုပ်သမား လယ်သမား တပ်နီတော် ခရီးရှည် ချီတက်ပွဲ(The Long March) အောင်ပွဲခံခဲ့သည့် နှစ်၈၀ပြည့် အထိမ်းအမှတ်ပြု ပြပွဲသို့ တက်ရောက်ခဲ့ရာ တပ်နီတော်၏ ခရီးရှည် ချီတက်ပွဲ အောင်ပွဲခံခဲ့ခြင်းသည် တော်လှန်ရေး ရည်မှန်းချက်၏ မြင့်မြတ်သော စိတ်ဓါတ်ကို အပြည့်အဝ ပြသကြောင်း ပြောကြားသည်။

ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် ယွီကျင့်စိန်း၊ လျူယွင်စန်း၊ ဝမ်ချီစန်းနှင့် ကျန်းကောလိတို့သည် ၄င်းပြပွဲသို့ တက်ရောက်ခဲ့ကြကြောင်း လည်း သိရသည်။