ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် DPNအဖွဲ့တို့ ချင်းမိုင်တွင် ယနေ့ တွေ့ဆုံ

2016-09-26 15:03:52 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့(စက်တင်ဘာ ၂၅ ရက်နေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ထံမှ သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်၏ ဖိတ်ခေါ်မှုကြောင့ှ် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်၊ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးနှင့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။ အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်သော အစည်းအဝေးများတွင် UNFC ကိုယ်စားလှယ်များဖြစ်သည့် DPN ကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးအတွက် ပူးတွဲ ကော်မတီနှင့် အစည်းအဝေးကျင်းပရန် ဆောင်ရွက်ရာတွင် အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၌ NCA လက်မှတ်ထိုးပြီးသားအဖွဲ့နှင့် မထိုးရသေးသော အဖွဲ့များပါ ပါဝင်လာနိုင်ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။(Xinhua)