တရုတ်-ကျူးဘား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ရှေ့အလားအလာ များစွာရှိ

2016-09-26 15:13:44 |သတင်းအရင်းအမြစ် 国际在线

ကျူးဘား ဒေသ စံတော်ချိန် ၂၄ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ကျူးဘားတွင် စတင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကျူးဘား ခရီးစဉ် အတွင်း နှစ်နိုင်ငံတို့သည် စီးပွားကုန်သွယ်ရေး အဓိကထားပြီး သဘောတူ စာချုပ် ၃၀ကျော် လက်မှတ်ရေးထိုးချုပ်ဆိုကြမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးသည် သော့ချက်ကျသော အချိန်ကာလ၌ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ကျူးဘားသည် စီးပွားရေးနှင့် လူမှုရေး စနစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကိုလည်း အဆက်မပြတ် တွန်းအားပေးနေကြောင်း၊ ယင်းသို့ အခြေအနေမျိုးတွင် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှု ပြုလုပ်ရန် ရှေ့အလား အလာ များစွာရှိကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်၏ ယခုအကြိမ် ကျူးဘား ခရီးစဉ်သည် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကျူးဘား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုတွန်းအားပေးရန် မျှော်လင့်ကြောင်း ကျူးဘား စီးပွားကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များ ကပြောကြားသည်ဟု စီအာအိုင်က ဖော်ပြသည်။