လီခေ့ချန်နှင့် တရူဒေါ် တရုတ်-ကနေဒါ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်

2016-09-26 15:16:10 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် ကနေဒါ ဝန်ကြီးချုပ် တရူဒေါ်တို့သည် ဒေသစံတော်ချိန် ၂၃ရက်နေ့ နေ့လယ်ပိုင်းက ကနေဒါ နိုင်ငံ မွန်ထရီးလ် အစည်းအဝေး စင်တာတွင် ကျင်းပခဲ့သော ဆဌမ အကြိမ်မြောက် တရုတ်-ကနေဒါ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ကြပြီး အသီးသီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ်နှင့် ကနေဒါ စက်မှုကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ် ၇၀၀ကျော်သည် ၄င်းဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။