၂၀၁၆ခုနှစ် တရုတ်-အာဆီယံ ချစ်ကြည်ရေး သီချင်းဆိုပွဲ အောက်တိုဘာ ဟိုင်ခိုတွင် ကျင်းပ

2016-09-26 15:19:36 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် တရုတ်-အာဆီယံ ချစ်ကြည်ရေး သီချင်းဆိုပွဲကို အောက်တိုဘာ ၁၄ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် သီချင်းဆိုပွဲကို စီအာအိုင်၊ ဟိုင်နန် အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနချုပ်၊ ကွမ်ရှီး မီဒီယ၊ ပုံနှိပ်ထုတ်ဝေရေး၊ အသံလွှင့်နှင့် ရုပ်မြင်သံကြား ဦးစီးဌာနတို့ ပူးတွဲ ဦးစီး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်-အာဆီယံ ချစ်ကြည်ရေး သီချင်းဆိုပွဲ၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး တွန်းအားပေးရန် ဖြစ်ကြောင်း သိရသည်။