ကနေဒါရောက် တရုတ်အနွယ်ဖွားများ၏ ကြိုဆိုခြင်း ညစာစားပွဲသို့ လီခေ့ချန် တက်ရောက်

2016-09-26 15:22:18 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၃ရက်နေ့ညက မွန်ထရီးလ် မြို့တွင် ကနေဒါရောက် တရုတ် အနွယ်ဖွားနှင့် တရုတ် နိုင်ငံသားများ၏ ကြိုဆိုခြင်း ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းညစာစားပွဲတွင် ဝန်ကြီးချုပ် လီခေ့ချန်က ကနေဒါ၏ ယဉ်ကျေးမှု အမျိုးအစား စုံစုံလင်လင် ရှိခြင်း အတွက် ကနေဒါရောက် တရုတ် အနွယ်ဖွားနှင့် တရုတ် နိုင်ငံသားများ၏ အကျိုးပြု စွမ်းဆောင်မှုများကို ချီးကျူးကြောင်း၊ ၄င်းတို့ တရုတ်ပြည်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အားပေးထောက်ခံကြောင်း ပြောကြားသည်။