ဝမ်ယိနှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံနှုတ်ဆက်

2016-09-26 15:25:04 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ၂၃ရက်နေ့ ညနေပိုင်းက မွန်ထရီးလ်မြို့တွင် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဒီအွန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီး ဝမ်ယိက ယခုအကြိမ် ဝန်ကြီးချုပ် လီခေ့ချန်၏ ကနေဒါ ခရီးစဉ်သည် အောင်မြင်ကြောင်း ပြောကြားသည်။

ဝန်ကြီးဒီအွန်က နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ချမှတ်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ၄င်းစီမံကိန်း လက်တွေ့ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။