တရုတ်၊ ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၅ကြိမ်မြောက်အစည်းအဝေးကျင်းပ

2016-09-27 11:00:13 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ကိုရှိန်ခွင်သည်၊ ယမန်နေ့ ၂၅ ရက်နေ့က ဟနွိုင်းမြို့တော်၌ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးတိုလမ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊  တရုတ်၊ ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၅ ကြိမ်မြောက် ပြစ်မှုကျူးလွန်မှု ပူးပေါင်း တိုက်ဖျက်ရေး အစည်းအဝေးကိုလည်း အတူကြီးမှူးကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။