ဆဋ္ဌမအကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပ

2016-09-27 11:04:40 |သတင်းအရင်းအမြစ် 国际在线

ဆဋ္ဌမအကြိမ်မြောက် တရုတ်-အာဆီယံ(ထိုင်း)ကုန်စည်ပြပွဲနှင့် သတ္တမအကြိမ်မြောက် တရုတ်တံဆပ်ကုန်စည်ပြပွဲကို စက်တင်ဘ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ခံ ရှူဟိုင်ထောက တရုတ်ပြည်သည် ထိုင်းအပါအဝင်အာဆီယံနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ရေး ကို များစွာလေးထားကြောင်း၊ one belt one road တည်ဆောက်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် တရုတ်-ထိုင်း ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြင့်လာအောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။