၂၀၁၆ ခုနှစ် Miss All Nations ချန်ပီယံဆုကို မစ္စ လတ်ဗီးယား ရရှိ

2016-09-28 09:33:45 |သတင်းအရင်းအမြစ် 新华网

နန်နင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၅၁ ကြိမ်မြောက် Miss All Nations ပြိုင်ပွဲ ၂၀၁၆ ကို တရုတ်နိုင်ငံ ကျန်းစုပြည်နယ် မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၆ ရက်က ကျင်းပခဲ့ရာ လတ်ဗီးယား အလှမယ် Laura Skutane က ဆုရရှိခဲ့ကြောင်း သိရသည်။

Miss All Nations ပြိုင်ပွဲ ၂၀၁၆ ဒုတိယဆုကို သြစတြေးလျမယ်က လည်းကောင်း၊ တတိယဆုကို ဘရာဇီးမယ်ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

အဆိုပါ Miss All Nations ပြိုင်ပွဲကို နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် နန်းမေရှင်းသန့်က နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Miss All Nations ပြိုင်ပွဲကို အဲလက်စ်လျူက ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့သည်။ (Xinhua)