အမျိုးသားနေ့ဧည့်ခံပွဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင်ကျင်းပ

2016-09-28 10:12:02 |သတင်းအရင်းအမြစ် 国际在线

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခဲ့သည့် ၆၇နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုသည့်အနေနှင့် အမျိုးသားနေ့ဧည့်ခံပွဲကို ယမန်နေ့ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့်၊ မြန်မာနိုင်ငံ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ စစ်ဘက်နှင့်ဒေသန္တရ ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်အရာရှိများနှင့် မြန်မာနိုင်ငံ ရောက် တရုတ်နွယ်ဖွားများတို့သည် ဧည့်ခံပွဲသို့ တက်ရောက်ကြကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး၏ ဝက်ဆိုက်မှ သတင်းအရ သိရပါသည်။

ဧည့်ခံပွဲတွင် သံအမတ်ကြီးဟုန်လျန့်က ၁၉၅၀ပြည့်နှစ်က နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် တရုတ်-မြန်မာဆက်ဆံမှုမှာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ကို အခြေခံပြီး အရှိန်အဟုန်ဖြင့် ကောင်းမွန်လာကြောင်း၊ တရုတ်ပြည်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၆လအတွင်း မြန်မာနိုင်ငံတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ရာခိုင်နှုန်း ၅၀ တိုးလာ ကြောင်း ပြောကြားသည်။