မြန်မာသမ္မတ ဦးထင်ကျော်သည် ကိုရှင်ခွင်နှင့် တွေ့ဆုံ

2016-09-30 10:33:34 |သတင်းအရင်းအမြစ် 国际在线

မြန်မာ သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံ၌ တရုတ်-မြန်မာ ပဉ္စမ အကြိမ် ဥပဒေ ကျင့်သုံးမှု လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ကြီးမှူးသော တရုတ် နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး ကိုရှင်ခွင်နှင့် ၂၇ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ကိုရှင်ခွင်သည် ရှေးဦးစွာ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သမ္မတ ဦးထင်ကျော်အား ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သခြင်းကို တဆင့် ပြောကြားခဲ့သည်။ ကိုရှင်ခွင်က၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးမှာ သမိုင်းသက်တမ်း ကြာမြင့်ပြီး အိမ်နီးချင်းကောင်း ချစ်ကြည်ရေး နက်ရှိုင်းပါကြောင်း၊ နှစ်ဖက်တို့သည် နှစ်ဖက် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ကို ထိထိမိမိ စွဲကိုင်ရမည် ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများ ဖေါ်ဆောင်ရေးကို အမြုတေ အဖြစ်ထားကာ အရည်အချင်း မြင့်မားသော တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အစွမ်းကုန် ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ကိုရှင်ခွင်က၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ကိုယ်တိုင် အလေးထား ထောက်ခံမှုဖြင့် တရုတ်-မြန်မာ ဥပဒေ ကျင့်သုံးမှု လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသည် မှန်မှန် တိုးတက် နေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲ ကြိုးပမ်းပြီး ပဉ္စမ အကြိမ် ဥပဒေ ကျင့်သုံးမှု လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို အခွင့်ကောင်းအဖြစ် ထားကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အရေးကြီး လုပ်ငန်းစဉ်များ လုံခြုံမှု ထိန်းသိမ်းရေးနှင့် နယ်စပ် စီမံခန့်ခွဲရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တွန်းအားပေးလိုပါကြောင်း ပြောကြားသည်။

သမ္မတ ဦးထင်ကျော်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား နှုတ်ခွန်းဆက်သခြင်းနှင့် ဆုမွန်ကောင်း တောင်းခြင်းကို ကိုရှင်ခွင် တဆင့် ကမ်းလှမ်ပေးရန် ပြောကြားသည်။ ဦးထင်ကျော်က၊ မြန်မာ-တရုတ် ချစ်ကြည်ရေးသည် အခြေခံ နက်ရှိုင်းပြီး မြန်မာ ငြိမ်းချမ်ရေး ဖြစ်စဉ်၊ စီးပွါးရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရေး နယ်ပယ်များတွင် တရုတ်ပြည်၏ ထောက်ပံ့ကူညီမှုကို မြန်မာနိုင်ငံ မေ့မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အဆင့်မြင့် ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ နယ်ပယ်အသီးသီး၌ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးစီးပွါး ခံစား စေရန်အတွက် ဆောင်ရွက်လိုကြောင်း၊ ဥပဒေ ကျင့်သုံးမှု လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံမှုတွင် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်း ဖြစ်ပြီး နှစ်ဖက် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘော ဆောင်သော တိုးတက်မှု ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။