တရုတ်-မြန်မာပဉ္စမအကြိမ် ဥပဒေကျင့်သုံးမှုလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး

2016-09-30 10:41:15 |သတင်းအရင်းအမြစ် 国际在线

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီးကိုရှိန်ခွန်သည် ယမန်နေ့ ၂၇ ရက်နေ့က နေပြည်တော်၌ မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တွေ့ဆုံပြီး တရုတ်-မြန်မာ ပဉ္စပအကြိမ် ဥပဒေကျင့်သုံးမှုလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို အတူကြီးမှူး ကျင်းပခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

   ကိုရှိန်ခွန်သည် တရုတ်-မြန်မာ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် ဥပဒေကျင့်သုံးမှုလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၏ အရေးကြီးသည့် အခန်းကဏ္ဍကို လွန်စွာ ချီးကျူးခဲ့သည်။ ၄င်းက တရုတ်-မြန်မာ ဥပဒေကျင့်သုံးမှုလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စနစ် ၂၀၀၅ ခုနှစ်က စတင်တည် ထောင်ခဲ့သည့်နောက်ပိုင်းတွင် အကျိုးရလဒ်များစွာ ရရှိပြီး တရုတ်-မြန်မာ ဥပဒေကျင့်သုံးမှု လုံခြုံရေးဌာနများမှ ဘက်စုံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ တရုတ်-မြန်မာဆက်ဆံရေးအတွက် အနှစ်သာရသစ် တိုးပွားစေကြောင်းပြောကြားသည်။

   ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တရုတ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်ရေးစနစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး ဥပဒေကျင့်သုံးမှုလုံခြုံရေးဆိုင်ရာ အရေးကြီးပြဿနာ နှင့်ပတ်သက်၍ နွေးထွေးစွာ ကူးလူးဖလှယ်လိုကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်မှု ထိန်းသိမ်း ကာကွယ်ရေးကို အားသစ်လောင်းပေးပြီး ပြစ်မှုကျူးလွန်မှုများကို အတူတိုက်ဖျက်ကာ နှစ်နိုင်ငံပြည်သူများအတွက် ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးလိုကြောင်းပြောကြား သည်။