နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ ၃၉ ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာ ၂၇ ရက်နေ့က ကနေဒါနိုင်ငံ မွန်ထရီလ်မြို့ရှိ နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ဌာနချုပ်၌ ကျင်းပခဲ့ရာ၊ တရုတ်မြို့ပြလေကြောင်းဌာန ဝန်ကြီး ဖုန်ကျင့်လင်သည်၊ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။
နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ အစည်းအဝေးသည်၊ နိုင်ငံတကာမြို့ပြလေကြောင်း အဖွဲ့၏ အရေး ကြီးဆုံးလှုပ်ရှားမှုဖြစ်သည်။ ယခုအကြိမ်အစည်းအဝေးကို အောက်တိုဘာ ၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။