မွန်ပြည်နယ် ရှိ နွားလပို့တောင်စေတီအား ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်

2016-09-30 10:53:20 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) 

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာ ရှိ နွားလပို့တောင်စေတီ ပတ်ဝန်းကျင်ဒေသ ကို လာမည့် ပွင့်လင်းရာသီ တွင် ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကွင်းဆင်း လေ့လာသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယင်းနေရာကို ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကွင်းဆင်း လေ့လာမှု အဆင်ပြေပါက မကြာမီ အကောင်အထည်ဖော် သွားမည် ဖြစ်သည်။

 နွားလပို့တောင် စေတီ ပတ်ဝန်းကျင်ကို ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အဖြစ် အကောင်အထည် ဖော်နိုင်ပါက ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)