တရုတ်-အင်ဒိုဖိုရမ် ကျင်းပ

2016-09-30 14:56:24 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးနှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ် သံရုံးတို့ ပူးတွဲကျင်းပသော တရုတ်-အင်ဒိုနီးရှားမီဒီယားများဖိုရမ်ကို ယမန်နေ့ ၂၈ ရက်နေ့ က ဂျကာတာမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

နှစ်နိုင်ငံအဓိကမီဒီယာများမှ ကိုယ်စားလှယ် ၃-၄ ဆယ်တို့သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ကြပြီး "မီဒီယာ၏ တာဝန်ဝတ္တရား"နှင့်"မီဒီယားများကြား အပြန်အလှန် ယုံကြည်မှုတိုးပွားစေရေး နှင့် ဆွေးနွေးခြင်း" စသည့် ခေါင်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။