စီးပွားရေး သက်ညှာထောက်ထားမှု တိုးပွားအောင် နိုင်ငံများ ပူးပေါင်းရန် လိုဟု IMFဆို

2016-09-30 15:03:33 |သတင်းအရင်းအမြစ် 国际在线

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ဥက္ကဋ္ဌ ခရီစတင် လာဂါဒေက ၂၈ရက်နေ့က အမေရိကန် Northwestern University Kellogg School of Managementတွင် "ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန်နှင့် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေအောင် ဆောင် ရွက်ရန်"ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ လက်ရှိအချိန်၌ နိုင်ငံများစွာတွင် စီးပွားရေး တန်းတူညီမျှမှု မရှိခြင်း အခြေအနေ အရှိန်မြင့်လာကြောင်း၊ စီးပွားကုန်သွယ်ရေး တံခါးဖွင့်မှု ကန့်သတ်ခြင်းကြောင့် အားနည်းသူများ ရင်ဆိုင်နေရသော ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ ဆိုးရွားသွား လိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီး အနေနှင့် ပြန်လည် သုံးသပ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုများပြားသည့် သက်ညှာထောက်ထားမှု ရှိစေခြင်းကို ဆွေးနွေးကာ ပိုမိုကောင်းမွန်အားကောင်းသော စီးပွားရေး တိုးတက်မှု အကောင်အထည်ဖော်ရေး အတွက် လက်တွေ့ဆောင်ရွက်ပြီး ပြည်သူအားလုံးကို အကျိုး သက်ရောက်စေရန် လိုကြောင်း ပြောကြားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာဘဏ် နှစ်ပတ်လည် အစည်းအဝေးကို လာမည့် သီတင်းပတ်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဥက္ကဋ္ဌ လာဂါဒေ၏ ယင်းမိန့်ခွန်းပြောကြားခြင်း အပေါ် လူအများသည် အလွန် အာရုံစိုက်ကြကြောင်း၊ ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာတွင် လာဂါဒေက လက်ရှိ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်း သည် အားနည်းနေသေးကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီး စီးပွားရေး အုပ်စုများ၏ အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ ခန့်မှန်းရ ခက်နေသေးကြောင်း၊ သို့သော် တက်သစ်စနှင့် ဖွံ့ဖြိုးဆဲ စီးပွားရေး အုပ်စုများ၏ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ အပေါ် အသင့်အတင့် အကောင်းဘက်မှ မြင်ကြောင်း၊ တရုတ်ပြည်သည် မှန်ကန်သော ညီမျှစေရေး ဆောင်ရွက်ချက်များကို ကျင့်သုံးနေကြောင်း၊ ပိုမိုကောင်းမွန်သော စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ပုံစံ တစ်မျိုး ဖြစ်တည်လာမည် ဖြစ်ကြောင်း ပြောကြားသည်။