အမျိုးသားနေ့ ဂုဏ်ပြုဧည့်ခံပွဲ တရုတ် နိုင်ငံတော် ကောင်စီ ကျင်းပ
2016-10-08 10:59:05 |သတင်းအရင်းအမြစ် 国际在线
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၇နှစ်ပြည့်မြောက်နှစ်ကို ဂုဏ်ပြုသည့် အနေဖြင့် စက်တင်ဘာ ၃၀ရက်နေ့ညက တရုတ် နိုင်ငံတော် ကောင်စီသည် တရုတ် ပြည်သူ့ ခန်းမဆောင်ကြီး၌ အမျိုးသားနေ့ ဂုဏ်ပြုဧည့်ခံပွဲကို ကျင်းပခဲ့ကြောင်း၊ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်းဒေကျန်း၊ ယွီကျင့်ရှိန်း၊ လျူယွင်စန်း၊ ဝမ်ချီစန်းနှင့် ကျန်းကောလိ အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ် ၁၂၀၀ ကျော်သည် တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။