အမျိုးသား စည်ပင်သာယာရေးနှင့် ချမ်းသာတောင့်တင်းခြင်းသည် မကာအို ဖွံ့ဖြိုးရန် ဆက်တိ

2016-10-08 11:09:24 |သတင်းအရင်းအမြစ် 国际在线

မကာအို အထူး အုပ်ချုပ်ရေး ဒေသ အစိုးရသည် ၁ရက်နေ့ နံနက်ပိုင်းက တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၇နှစ် ပြည့်မြောက်နှစ် ဂုဏ်ပြု ထမင်းစားပွဲကို ကျင်းပခဲ့ကြောင်း၊ မကာအို အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် တစ်ထောင်ခန့်သည် တက်ရောက်ခဲ့ကြ ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းဂုဏ်ပြုထမင်းစားပွဲတွင် မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ဆွေရှိ အန်းက အမျိုးသား စည်ပင်သာယာရေးနှင့် ချမ်းသာတောင့်တင်းခြင်းသည် မကာအို ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်တိုက် တွန်းအားပေးမှု ဖြစ်ပြီး မကာအို တည်ငြိမ်ရေး အတွက် ကြီးမားတောင့်တင်းသော ကျောထောက်နောက်ခံဖြစ်ကြောင်းလည်း ပြောကြားသည်။