အမျိုးသားနေ့ ဂုဏ်ပြုထမင်းစားပွဲ ဟောင်ကောင် ကျင်းပ

2016-10-08 11:10:52 |သတင်းအရင်းအမြစ် 国际在线

ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ အစိုးရသည် ၁ရက်နေ့က ဟောင်ကောင် အစည်းအဝေး စင်တာတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၇နှစ် ပြည့်မြောက်နှစ် ဂုဏ်ပြု ထမင်းစားပွဲကို ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းဂုဏ်ပြုထမင်းစားပွဲတွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး လျန်ကျင့်ယင်းက "နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး"သည် ဟောင်ကောင်သူ ဟောင်ကောင်သား များ အတွက် အကျိုးအရှိဆုံး၊ ဟောင်ကောင်၏ ဝိသေသ ထူးခြားချက်နှင့် အကိုက်ညီဆုံး မူဝါဒ ဖြစ်ကြောင်း၊ ဟောင်ကောင်သူ ဟောင်ကောင်သားတိုင်း အနေနှင့် အစွမ်းကုန် ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း ပြောကြားသည်။