မြန်မာနိုင်ငံမှ ဆန်အိတ်စပို့၏ ၈၀ ရာခိုင်နှုန်း တရုတ်နိုင်ငံသို့တင်ပို့

2016-10-08 14:51:06 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နေသည့် နိုင်ငံများအနက် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း သို့ ၈ဝ ရာခိုင်နှုန်းကျော် တင်ပို့ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် ၁ . ၅ သန်းရှိပြီး တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ဆန်တင်ပို့ရောင်းချရာတွင်၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်အတွင်းနိုင်ငံပေါင်း၆၄နိုင်ငံသို့တင်ပို့နိုင်သည့်အတွက်မျှော်မှန်းထားသည့်ပြည်ပဆန်တင်ပို့မှုလျာထားချက်ကိုကျော်လွန်ခဲ့ကြောင်းသိရသည်။ (Xinhua)