တရုတ် အမျိုးသားနေ့ ရုံးပိတ်ရက်များ ပြည်တွင်း ခရီးသည် ဦးရေ သန်း၆၀၀ခန့်ရှိမည်

2016-10-08 15:07:09 |သတင်းအရင်းအမြစ် 国际在线

ယခုနှစ် အောက်တိုဘာ ၁ရက်နေ့မှ ၇ရက်နေ့အထိ တရုတ် အမျိုးသားနေ့ ရုံးပိတ် ရက်များ အတွင်း တရုတ် ပြည်တွင်း ခရီးသည် ဦးရေမှာ ၅၈၉သန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၁၂ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းရကြောင်း တရုတ် ခရီးသွား သုတေသန အကယ်ဒမီမှ စာရင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

ခရီးသွား အေဂျင်စီအချို့မှ စာရင်းအရ ၄င်းရုံးပိတ်ရက် ၇ရက်တွင် ပြည်ပ၌ ခရီးလှည့်လည်သည့် တရုတ် ခရီးသည်ဦးရေလည်း အလွန်များပြားကြောင်း၊ ထိုင်း၊ တောင်ကိုးရီးယား၊ ဂျပန်၊ အမေရိကန်၊ ရုရှားနှင့် ဗြိတိန် စသည့် နိုင်ငံများသည် တရုတ် ခရီးသည်များ ကြိုက်နှစ်သက်ကြသည့် ခရီးလှည့်လည်ရေး ဒေသများ ဖြစ်ကြကြောင်း သိရသည်။