ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ် အနေနှင့်၊ ကုလသမဂ္ဂညီလာခံဥက္ကဋ္ဌနှင့်အတူ ကြိုးပမ်းအားထုတ်ပြီး၊ ကုလသမဂ္ဂစည်းစနစ် အတွင်း အဆင့်မြင့်အဖွဲ့တစ်ဖွဲ့တည်ဆောက်ခြင်းဖြင့်၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် ထိရောက်သော ဆောင်ရွက်ရေးနည်းလမ်းများတင်ပြနိုင်မည်ဟု မျှော်လင့်ပါကြောင်း ယမန်နေ့က ဂျီနီဗါမြို့၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ဘန်ကီမွန်း၏ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်သက်တမ်းသည်၊ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကုန်ဆုံးမည်ဖြစ်သည်။