တရုတ် နိုင်ငံ ရေတပ် စစ်သင်္ဘောများမှ ချစ်ကြည်ရေး ခရီးစဉ် ပြီးဆုံး၍ ယနေ့ သီလဝါ ဆိပ်

2016-10-08 15:54:10 |သတင်းအရင်းအမြစ် 新华网




ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသည့် တရုတ် နိုင်ငံ ရေတပ် အမှတ်စဉ် ၂၃ ရေယာဉ် ကာကွယ်ရေး တပ်ဖွဲ့မှ XiangTan နှင့် ZhouShan စစ်သင်္ဘော တို့သည့် ယနေ့တွင် ၅ ရက်ကြာ လည်ပတ်ရေး ခရီးစဉ် ပြီးဆုံးပြီး မွန်းလွှဲ ၃ နာရီခန့်တွင် သီလဝါ ဆိပ်ကမ်း မှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောင်္များသည် မြန်မာနိုင်ငံရှိ သီလဝါ ဆိပ်ကမ်းသို့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် ၊ စစ်သံမှူး ဝမ်ကျင့်ပေါ နှင့် တပ်မတော်(ရေ)ဘက်မှ  ရေတပ် သဘောင်္ကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး ၊ ရေတပ် လေကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လှိုင် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ များက လာရောက် ကြိုဆိုခဲ့ကြသည်။

တရုတ် နိုင်ငံ စစ်သင်္ဘော ရှိ အရာရှိများသည် အောက်တိုဘာ ၂ ရက်နေ့တွင် စစ်သင်္ဘောပေါ်၌ ညစာ ဧည့်ခံပွဲ တစ်ရပ် ကျင်းပ ခဲ့ပြီး မြန်မာ ရေတပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ရေ)  ဗိုလ်ချုပ် မိုးအောင် နှင့် တပ်မတော် အရာရှိများ ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ နိုင်ငံခြားမှ စစ်သံမှူး များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။

ထို့ပြင် တရုတ် နိုင်ငံ စစ်သင်္ဘော မှ တပ်မတော်သား နှင့် အရာရှိများသည် အောက်တိုဘာ ၃ ရက်နေ့တွင် သန်လျင်မြို့ရှိ သန်လျင် လူငယ် သင်တန်းကျောင်းသို့ သွားရောက်ကာ ကလေးသူငယ်များအား လက်ဆောင် ပစ္စည်းများ သွားရောက် ပေးအပ်ခဲ့ပြီး ဖျော်ဖြေနှစ်သိမ့်မှု များနှင့် ကျန်းမာရေး စစ်ဆေးမှု များကို ဆောင်ရွက် ခဲ့ပါသည်။

 ယနေ့ တွင် မြန်မာ နိုင်ငံ ရေတပ် သင်္ဘောကျင်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန့်ဇင်လေး နှင့် တပ်မတော် အရာရှိများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် မြန်မာ နိုင်ငံရောက် တရုတ် နိုင်ငံ အသင်းအဖွဲ့များတို့က စစ်သင်္ဘောများ ပြန်လည် ထွက်ခွာသည်ကို လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ (Xinhua)