ငလျင်ဘေးသင့် ပုဂံဒေသ ပြု ပြင်ရန် နိုင်ငံတော် ဘတ်ဂျက်မှမသုံးစွဲဟုပြည်ထောင်စုဝန်ြ

2016-10-08 15:56:45 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ငလျင်ဘေးဒဏ်ကြောင့်ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့မှုအား ပြန်လည်ပြုပြင်ရန် အတွက် ကုန်ကျစရိတ်များကို နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲံမည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးအောင်ကိုက ယနေ့ ပြောခဲ့သည်။

“ပုဂံဒေသရဲ့ ပျက်စီးသွားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ပြန်လည် ပြုပြင်ဖို့ အတွက်ကို ၀န်ကြီးဌာန အနေနဲ့ နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲမှာ မဟုတ်ပါဘူး။ ပြည်တွင်းကရော ပြည်ပ မိတ်ဆွေနိုင်ငံ တွေကရော ကူညီလှူဒါန်းလာတဲ့ ငွေကြေး အကူအညီ၊ နည်းပညာ အကူအညီ၊ လိုအပ်တဲ့ equipment အကူအညီ တွေနဲ့ ပဲ ပြုပြင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပုဂံဒေသ ပြုပြင်ရေးအတွက် Huawei Technologies (Yangon) Co., Ltd. က နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနရှိ လောကနတ် ခန်းမတွင် ပြု လုပ်သည့်လှူဒါန်းပွဲ အခမ်းအနား၌ ပြည်ထောင်စု ၀န်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

လှူဒါန်းပွဲအခမ်းအနားတွင်Huawei Technologies (Yangon) Co., Ltd. ၏ CEO ဖြစ်သည့် Mr. Zhang Liman နှင့် အဖွဲ့ ဝင်များက မြန်မာကျပ်ငွေ သိန်း ငါးရာ ပေးအပ်လှူဒါန်းခဲ့သည့်အပြင်ပုဂံဘုရားများပြု ပြင် မွမ်းမံရာတွင် ပညာရှင်များ အလွယ်တကူ ချိတ်ဆက် အလုပ်လုပ်နိုင်ရန် Huawei P9 စမတ်ဖုန်း အလုံး ၁၀၀ (တစ်ရာ) အားလည်းဆက်လက်၍ ပေးအပ်လှူဒါန်း သွားရန်ရှိပါကြောင်းMr. Zhang Liman က ရှင်းပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ထိုသို့ လှူဒါန်းမှု အပေါ် “တစ်ကမ္ဘာလုံးရှိမိတ်ဆွေနိုင်ငံများမှ အကူအညီများ ပေးလိုသည်ဟုဝိုင်းဝန်း ကမ်းလှမ်းကြကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးကဆိုလျှင် အကူအညီအားလုံးကို တရုတ်နိုင်ငံတစ်ခုတည်းကပင် ပေးသွားနိုင်သည်ဟုပင်ကမ်းလှမ်းခဲ့ပါကြောင်း ၎င်းက အိမ်နီးချင်းကောင်း နိုင်ငံ၏မြန်မာနိုင်ငံနှင့် ကာလကြာရှည်စွာ ဆွေမျိုးပေါက်ဖော် ဆက်ဆံခဲ့သည့်ဲ့ ချစ်ခင်ရင်းနှီးမှုကို ပြသရာ ရောက်ကြောင်း ယခုကဲ့သို့Huawei Co., ၏ ငွေလှူဒါန်းမှုက တရုတ် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို ခိုင်မာစေမှာ ဖြစ်ကြောင်း ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ထို့ ပြင် သူရဦးအောင်ကိုက “ပုဂံ ငလျင်အတွက် တရုတ်ပြည်က ငွေလာလှူတဲ့ ပထမဆုံးအဖွဲ့ က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံ အမတ်ကြီးနဲ့  ယူနန်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ တို့ ဖြစ်ပါတယ်။ ဒုတိယ ရောက်လာ တဲ့  အလှူရှင်တွေကတော့ ဒီက မိတ်ဆွေများ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက စေလွှတ်ပေးတဲ့  ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်း ပြု ပြင်ရေးဆိုင်ရာ ပညာရှင်အဖွဲ့ တစ်ဖွဲ့ က ပုဂံဒေသမှာ ၁၀ ရက်ကြာ နေထိုင် လေ့လာသွားခဲ့ပါတယ်” ဟုလည်း  ဖြည့်စွက် ပြောခဲ့သည်။ (Xinhua)