မိုဘိုင်း ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရန် ဗဟိုဘဏ်မှ ပထမဆုံး မှတ်ပ

2016-10-08 17:13:46 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မိုဘိုင်း ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံး မှတ်ပုံတင် လက်မှတ် ထုတ်ပေးသည့် အဖွဲ့ အစည်း အဖြစ် Digital Money Myanmar Ltd (Wave Money)အား မှတ်ပုံတင် လက်မှတ် ထုတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး အလုံးစုံ ပါဝင်မှု လုပ်ငန်းစဉ်ကို တိုးမြှင့် ဆောင်ရွက်ရန် နှင့် ပြည်သူများ မိုဘိုင်း ငွေရေးကြေးရေး ၀န်ဆောင်မှုကို ကျယ်ပြန့် စွာ ရရှိစေရန် ဖြစ်ကြောင်း သိရသည်။

 Digital Money Myanmar Ltd (Wave Money) အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စက်တင်ဘာလ ၂၈ ရက်တွင် မိုဘိုင်း ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးလိုက်ကြောင်း သိရသည်။(Xinhua)