တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက် ပထမ ၄ရက်များတွင် ပြည်တွင်းခရီးသည်ဦးရေ ၄၁၅သန်း ရှိ

2016-10-08 17:17:33 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်များ တစ်ဝက်ကျော်ပြီဖြစ်ကြောင်း၊ ပထမ ၄ရက်များတွင် ပြည်တွင်း ခရီးသည်ဦးရေ စုစုပေါင်း ၄၁၅သန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၁၃.၈ရာခိုင်နှုန်း တိုးများလာကြောင်း၊ ခရီးသွားလာရေး ဝင်ငွေမှာ ၃၃၉.၇၅ ဘီလီယံ ရှိ၍ အလားတူအချိန်ကထက် ၁၅.၁ရာခိုင်နှုန်း တိုးများလာကြောင်း၊ တရုတ် နိုင်ငံတော် ခရီးသွားလာရေး ဗျူရိုမှသတင်းကို ကိုးကား၍ စီအာအိုင်က ဖော်ပြပါသည်။