တရုတ်ရေတပ် စောင့်ကြပ်သင်္ဘောစု ရန်ကုန်မှ တရုတ်သို့ ပြန်လည်ထွက်ခွါ

2016-10-08 17:19:47 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန် ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြန်မာနိုင်ငံတွင် ခရီး လှည့်လည်နေသော တရုတ် ရေတပ် ၂၃သုတ် စောင့်ကြပ်သင်္ဘောစုမှ "ရွှမ်းထန်"သင်္ဘော နှင့် ဂျိုးဆန်းသင်္ဘောများသည်၊ မြန်မာနိုင်ငံ ရန်ကုန်သီလဝါဆိပ်ကမ်းခရီးစဉ်ကို ပြီးဆုံးပြီဖြစ်၍ ရန်ကုန်မှ တရုတ်ပြည်သို့ ပြန်လည် ထွက်ခွါခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟုန်လျန့်သည်၊ သံရုံးဝန်ထမ်းများ၊ မြန်မာရှိ တရုတ်လုပ်ငန်းဌာနများ နှင့် မြန်မာရောက်တရုတ် အနွယ်ဖွားကိုယ်စာလှယ်များ အပါအဝင် လူ ၂၀၀ ခန့်ကို ဦးဆောင်ပြီးဆိပ်ကမ်းသို့ သွားရောက်ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း၊ မြန်မာ ရေတပ်မှ ကိုယ်စားလှယ် ၁၀၀ခန့်သည်လည်းပါဝင်ခဲ့ကြကြောင်း စီအာအိုင်ကဖော်ပြသည်။

    ယခုအကြိမ်ခရီးစဉ်သည်၊ ၂၀၁၄ခုနှစ်ပြီးနောက်၊ တရုတ်ရေတပ်စောင့်ကြပ်သင်္ဘောစု ၏ နောက်တစ်ကြိမ်မြန်မာခရီးစဉ်ဖြစ်သည်ဟုသိရသည်။