တရုတ်ဖွံ့ဖြိုးရေးဆိုင်ရာ လီရှိန်လုံပြောကြား

2016-10-08 17:30:37 |သတင်းအရင်းအမြစ် 国际在线

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှိန်လုံက၊ အာရှနှင့် တကမ္ဘာလုံးတို့အနေနှင့်၊ ရင်ဆိုင်နေရ သော အကြီးဆုံးပြောင်းလဲမှုမှာ တရတ်ပြည်၏ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတိုင်း အနေနှင့်၊ တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်အတင့်ပြောင်းလဲမည်ဖြစ် သကဲ့သို့၊ တရုတ်ပြည်အနေနှင့်လည်း၊ ကိုယ်တိုင် ပြောင်းလဲမည်ဖြစ်၍ နိုင်ငံကြီး၏ တာဝန် ဝတ္တရားကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက်နေ့က၊ ဂျပန်စီးပွားရေးသတင်းဌာနဦးစီးကျင်းပသည့် အာရှ၏ အနာဂတ်ဟူ၍ခေါင်းစဉ်ဖြင့် နိုင်ငံတကာညီလာခံ အထူးအစည်းအဝေး ၌ မိန့်ခွန်းပြောကြား ခဲ့ရာ၌၊ လီရှိန်လုံက၊ ယခုများစွာ ပြောင်းလဲပြီး မတည်မငြိမ်ဖြစ်နေသော အချိန်ကာလ အတွင်း၊ အာရှနိုင်ငံများအနေနှင့်၊ ဘက်ပေါင်းစုံနှင့် နှစ်ဖက်ဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် အကျိုးရှိသည့် ပတ်ဝန်ကျင်များဖန်တီးရန် ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့သည်။

 ဆက်လက်၍ လီရှိန်လုံက၊ အာရှနှင့် တကမ္ဘာလုံးတို့အနေနှင့်၊ ရင်ဆိုင်နေရ သော အကြီးဆုံးပြောင်းလဲမှုမှာ တရတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်၏ အောင်မြင်မှုများသည်၊ အာရှနှင့် တကမ္ဘာလုံး၏ စည်ပင်သာယာမှုအတွက် ကြီးမားစွာ စွမ်းဆောင်မှုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။