တရုတ်နှင့် အိန္ဒိယတို့မှ အာရှစီးပွားရေးတိုးတက်မှုအကျိုးခံစားရ

2016-10-09 09:28:29 |သတင်းအရင်းအမြစ် 国际在线

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးရေးအတွက် ထိခိုက်မှုများစွာရှိသည့်အကြောင်းရင်းများစွာ ရှိ သော်လည်း၊ အာရှဒေသဖွံ့ဖြိုးရေးမှာ တည်ငြိမ်မှုရှိမြဲရှိနေကြောင်း၊ ယင်းသည်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ စီးပွားရေးနာလန်ပြန်ထူလာခြင်းမှ အကျိုးခံစားရရှိခြင်းဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ဖြစ်စေကာမူ၊ အမေရိကန်၊ ယူရိုငွေဇုံနှင့် ဂျပန်နိုင်ငံများ စီးပွားရေး နှေးကွေးစွာ နာလန်ပြန်ထူလာခြင်းသည်၊ အာရှဒေသအား ဂယက်ရိုက်ခတ်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ဟုသိရသည်။