One Belt and Road တည်ဆောက်ရေးအခြေအနေ လျားထားချက်တက် ကောင်းမွန်

2016-10-09 09:37:30 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ်သည်၊ One Belt and Road ကမ်းလှမ်းချက် တင်ပြခဲ့သည့် ၃ နှစ်ပြည့် ဖြစ်သည်။ ပြီးခဲ့သည့် ၃ နှစ်အတွင်း၊ One Belt and Road တည်ဆောက်ရေးအခြေအနေ သည်၊ လျားထားသည်ထက် အောင်မြင်မှုများစွာရရှိခဲ့ပြီး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက် ပြီး၊ အတူတကွအကျိုးရရှိရေးကို အကောင်အထည်ဖော်ဆောင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က၊ ကာဇက်စတန်နိုင်ငံတွင် ခရီးလှည့်လည်လျက်ရှိသည့် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ အရေးကြီးအဓိပ္ပါယ်ပါရှိသည့် မိန့်ခွန်းပြောကြားခဲ့ ရာ၌၊ One Belt and Road တည်ဆောက်ရေးဟူသော ကမ်းလှမ်းချက်ကို ထပမဆုံးအကြိမ် အဖြစ် တင်ပြခဲ့သည်ဟု သိရသည်။

မကြာမီက၊ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် ဦးဟုန်ပိုးက၊ One Belt and Road ကမ်းလှမ်းချက်နှင့် ၂၀၃၀ ပြည့်နှစ်ဆက်တိုက်ဖွံ့ဖြိုးရေးဆွေးနွေးချက်များသည်၊ တူညီသော မျှော်မှန်းချက်နှင့် အခြေခံမူများရှိကြောင်း၊ ကုလသမဂ္ဂ၏ ဆက်တိုက်ဖွံ့ဖြိုးရေး ရည်မှန်းချက်အကောင်အထည်ဖော်ဆောင်ရန်အတွက် အရေးပါအရာရောက်သော အခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ၊ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်တို့သည်၊ One Belt and Road တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြပြီဖြစ်သည်။ တရုတ်ပြည်သည်၊ တစ်လျှောက် လုံးရှိ နိုင်ငံ ၃၀ ကျော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြပြီး၊ နိုင်ငံ ၂၀ ကျော်တို့နှင့်၊ နိုင်ငံတကာကုန်ထုတ်စွမ်းအားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက်ရှိ သည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနှင့်လည်း၊ ယင်းအထည်း တွင်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြသည်ဟု သိရသည်။