ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်သင့်သည့် နေရာ ၅ခုကြေညာမည်

2016-10-09 10:20:54 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ယခုနှစ် ပွင့်လင်းရာသီ တွင် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်သင့်သည့် ပြည်တွင်းရှိ စိတ်ဝင်စား စရာနေရာ ငါးခုကို ယခုတစ်ပတ် အတွင်း ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ အနေအထား အရ ထုတ်ပြန် ကြေညာမည့် နေရာငါးခုကို အတိအကျ မရွေးချယ် ရသေးသော်လည်း ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် အတွင်းရှိ ဂေါ်ရင်ဂျီကျွန်း၊ ပြည် သရေခေတ္တရာ မြို့ဟောင်း နေရာများ ပါဝင်ရန် များကြောင်း သိရသည်။

 ယခင်နှစ်တွင် ခရီးသွား ဧည့်သည်များ အနေဖြင့် လူသိများသော နေရာထက် ထူးခြားသည့် ဒေသများနှင့် သွားလာရေး အဆင်ပြေ နိုင်မည့်နေရာ များကို ဦးစားပေး ရွေးချယ် ကြကြောင်း သိရသည်။

 ထိုသို့ ကြေညာရာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီး နေရာဒေသ တစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက် များကိုပါ ထည့်သွင်း ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)