မြန်မာ စပါးကြီးမြွေ အောင်လ အန်ဆိုင်း ပြိုင်ဘက် ပိုလန်နိုင်ငံသားအား အကြိတ်အနယ် ယှ

2016-10-09 10:47:53 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃ ကြိမ် ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆိုင်းနှင့် ပြိုင်ဘက် မိုက်ကယ် ပက်စတားနက်သည် နောက်ဆုံး ၃ ချီမြောက် အထိ အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရပြီး အကဲဖြတ် အမှတ်ပေးဒိုင် ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာစပါးကြီးမြွေ အောင်လအန်ဆိုင်းက ပြိုင်ပွဲတွင် အနိုင်ရရှိပြီးနောက် အားလုံးကို ကျေးဇူး တင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ  မြန်မာပြည်တွင်း အငယ်တန်း  ၀ိတ်တန်း ဖိုင်နယ် ပွဲစဉ် အဖြစ် ဖိုးသော် နှင့် စောရန်ပိုင် တို့ ယှဉ်ပြိုင် ထိုးသတ်ရာတွင် ပထမ အချီ ၃ မိနစ်ကျော်အတွင်း ဖိုးသော်၏ တံတောင် ကြောင့် ပြိုင်ဘက် စောရန်ပိုင်မှာ အရေးနိမ့်ခဲ့သည်။

အငယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ပွဲစဉ်တွင် ဂျပန်နိုင်ငံမှ ယိုရှီတာကာ နာအီတို နှင့် ဖိလစ်ပိုင် နိုင်ငံမှ ဂျိုရူးဝါးပတ်ကီအို တို့ ယှဉ်ပြိုင်ရာတွင် ပွဲချီ ၅ ကြိမ် ယှဉ်ပြိုင်ရာတွင် ၃ ချီတွင် ဂျိုရူးဝါးပတ်ကီအိုသည် အရေးနိမ့်ခဲ့ပြီး အငယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အဖြစ် ယိုရှီတာကာ နာအီတို အနိုင် ရရှိခဲ့သည်။

ONE Championship အဖွဲ့ကဦးစီး၍ ရန်ကုန်မြို့၌ ကျင်းပသည့် ONE:STATE OF WARRIORS ပြိုင်ပွဲအား ယနေ့ အောက်တိုဘာ ၇ ရက်တွင် သုဝဏ္ဏ အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အလယ်တန်း ၀ိတ်တန်းတွင် အောင်လ အန်ဆိုင်း နှင့် မိုက်ကယ် ပက်စတားနက်တို့ ၏ တွဲဆိုင်း ၊ ကမ္ဘာ့ အငယ် ၀ိတ်တန်း ချန်ပီယံ ပွဲစဉ် အဖြစ် ဂျပန်နိုင်ငံမှ လက်ရှိ ချန်ပီယံ ချီဘာမြို့ သား ယိုရှီတာကာ နာအီတို နှင့် ဖိလစ်ပိုင် နိုင်ငံ ဘာဂီယိုမြို့ သား ဂျိုရူးဝါးပတ်ကီအိုတို့၏ တွဲဆိုင်း အပါအ၀င် ပြည်တွင်း ၊ ပြည်ပ တွဲဆိုင်း ၈ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ တတိယ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ပြီး ပထမအကြိမ် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် ပွဲစဉ်အား ယခု ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)