One Belt and Road သည်၊ ဒေသတွင်းဖွံ့ဖြိုးရေးအတွက် အခွင့်အခါများ ဖန်တီးပေး

2016-10-09 15:08:45 |သတင်းအရင်းအမြစ် 国际在线

One Belt and Road တည်ဆောက်ရေး၏ အထင်ရှားဆုံးဦးဆောင်မှုအခန်းကဏ္ဍမှာ တစ်လျှောက်လုံးနိုင်ငံများနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြားကန်ပေးခဲ့ခြင်းဖြစ်သည်။ ကောက်ယူထားသည့် စာရင်းအရ၊ ယခုနှစ် ဇူလိုင် လကုန်ပိုင်းအထိ၊ One Belt and Road သက်ဆိုင်ရာ နိုင်ငံများအပေါ် တရုတ်ပြည်၏ ရင်းနှီး မြှုပ်နှံရေးစုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁.၁ ဘီလီယံအထိရှိပြီး၊ One Belt and Road သည်၊ တရုတ်ပြည်တွင်းလုပ်ငန်းဌာနများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အခါသစ်များ ဖန်တီးပေးခဲ့ပြီဖြစ်ကြောင်း စီအာအိုင်ကဖော်ပြသည်။

တရုတ်ဗဟိုဘဏ်မှ ကောက်ယူထားသည့် စာရင်းအရ၊ ယခုနှစ် ပထမ ၈ လပိုင်းတွင်၊ တရုတ်ပြည်နှင့် One Belt and Road တစ်လျှောက်လုံးနိုင်ငံနှင့် ဒေသများအကြား နိုင်ငံဖြတ်ကျော် တရုတ်ယွမ်ငွေရောင်းဝယ်မှု ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၈၆၀ ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းအထိ၊ တရုတ်ပြည်သူ့ဘဏ်သည်၊ One Belt and Road တစ်လျှောက်ရှိနိုင်ငံနှင့်ဒေသ ၂၁ ခု နှင့် နှစ်ဖက်ငွေကြေးလဲလှယ်ရေးသဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ စုစုပေါင်းပမာဏမှာ ယွမ်ငွေ ဘီလီယံ ၁၄၀၀ အထိ ရှိသည်။ နိုင်ငံဖြတ်ကျော်ပြီး၊ တရုတ်ယွမ်ငွေသုံးစွဲနှုန်းအတိုင်းအတာမှာ တည်ငြိမ်စွာ တိုးပွားနေသည် ဟု သိရသည်။

လုပ်ငန်းဌာနများအတွက်သာတင်မကဘဲ၊ One Belt and Road တည်ဆောက်ရေး သည်၊ သက်ဆိုင်ရာ ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း၊ ပါဝါသစ်မြောက်များစွာ  တင်သွင်းခဲ့ပြီးဖြစ်သည်။