အမျိုးသားနေ့ရုံးပိတ်ရက်ရှည်အတွင်း တရုတ်ပြည်သူ ပြည်ပသို့ခရီးသွားခြင်းသည် လွန်ခဲ့သ

2016-10-09 15:35:38 |သတင်းအရင်းအမြစ် 国际在线

  အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ်အမျိုးသားနေ့ရုံးပိတ်ရက်ရှည်အတွင်း နိုင်ငံအသီးသီးက တရုတ်ခရီးသည်အပေါ် ဗီဇာမူဝါဒ တဆင့်တိုးလျော့ပါးလာသည်။တစ်ပြည်လုံးခရီးသွားအဖွဲ့ဝန်ဆောင်မှု စီမံခန့်ခွဲရေး စနစ်အရ အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ခရီးသွားအဖွဲ့နှင့်အတူ ခရီးသွားသူဦးရေမှာ ၁သန်း၃သိန်း၉သောင်း၉ထောင်ရှိပြီး ပျမ်းမျှနေ့စဉ် ခရီးသွားသူဦးရေမှာ ၂သိန်းရှိကာ လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၁၁.၉ရာခိုင်နှုန်း တိုးများလာကြောင်းတရုတ်သတင်းဌာနမှသတင်းအရသိရသည်။