ဂျီ-၂၀ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဌများအစည်းအဝေးကို ဝါရှင်တန်မြို့၌ ကျင်းပ

2016-10-09 15:37:27 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ်စတုတ္ထကြိမ်မြောက် ဂျီ-၂၀ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဌများ အစည်းအဝေးကို ၆ရက်နေ့က ဝါရှင်တန်မြို့၌ကျင်းပခဲ့ကြောင်း၊ တရုတ်ဘဏ္ဍာရေးဝန်ကြီး လိုးကျိဝေနှင့် တရုတ်ပြည်သူ့ဘဏ်ဥက္ကဌကျိုးရှောချွမ်းတို့သည် ယခုအကြိမ် အစည်းအဝေးကို အတူတကွကြီးမှူးကျင်းပကြကြောင်း၊ ယခုအကြိမ်အစည်းအဝေးမှာ တရုတ်ပြည်သဘာပတိနိုင်ငံဖြစ်သည့်အချိန်ကာလအတောအတွင်း နောက်ဆုံးအကြိမ် ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဌများအစည်းအဝေးဖြစ်ကြောင်း ဆင်ဟွာသတင်း အရသိရပါသည်။