တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်နှင့် ပေါ်တူကီဝန်ကြီးချုပ် ကော်စတာတို့သည် ၉ ရက်နေ့ ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်-ပေါ်တူကီ ဝန်ကြီးချုပ်တွေ့ဆုံးဆွေးနွေးပွဲ၏ ရလဒ်များကို မိတ်ဆက်ခဲ့ရာတွင် တရုတ်နှင့် ပေါ်တူကီနှစ်နိုင်ငံအကြား ကျယ်ပြန့်တူညီသော အကျိုးစီးပွား ရှိကြောင်း၊ နှစ်ဦးနှစ်ဘက်တို့သည် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုထားရှိရေး၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေး၊ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး နှင့် အရေးကြီးသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်တိုးမြှင့်ရန်လိုကြောင်း ပြောကြားသည်။