တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူလူ့ခန်းက ကမ္ဘောဒီးယားဘုရင့် နိုင်ငံ ဘုရင် သီဟာမုနိ၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဟာမီးဒ်၊ အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ်မိုဒီတို့၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကမ္ဘောဒီးယားနှင့်ဘင်္ဂလားဒေ့ရှ် သို့ သွားရောက်ခရီးလှည့်လည်ပြီး အိန္ဒိယ ဂိုအာ၌ ကျင်းပမည့် BRICS နိုင်ငံခေါင်းဆောင်များ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ယနေ့ ၁၀ ရက်နေ့က ကြေညာကြောင်း ဆင်ဟွာသတင်းအရသိရသည်။