သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ တောင်ကြီးမြို့ ၌ ဖမ်းဆီးရမိ

2016-10-12 15:46:28 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

တောင်ကြီးမြို့ ၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းမပေါ်တွင် မောင်းနှင်လာသော မော်တော်ယာဉ် တစ်စင်းအား ရှာဖွေရာတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား (ဒေသတန်ဖိုးငွေ ကျပ်သိန်း ၁,၀၀၀) ကို သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၉ ရက်တွင် အရှေ့မြို့ပတ်လမ်းမပေါ်တွင် မောင်းနှင် လာသော မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏ ရှေ့ခန်းထိုင်ခုံပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အဆိုပါ မှုးယစ် ဆေးဝါးများကို သိမ်းဆည်း ရမိခဲ့သဖြင့် မောင်းနှင်လာသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။(Xinhua)