ပြည်တွင်း ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ မြေငလျင် လှုပ်ရှား

2016-10-12 15:48:23 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း (ထမံသီမြို့၏ အ‌နောက်တောင်ဘက် မိုင်(၁၁)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၄)နာရီ (၀၀)မိနစ် (၁၃)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၃၁)မိုင်ခန့် ကွာဝေးသော ပြည်တွင်းကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)