မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများလုံခြုံရေး ၊ အကြမ်းဖက်ကျူးလွန်ခဲ့သူ

2016-10-12 15:50:04 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများလုံခြုံရေး ၊ အကြမ်းဖက်ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ရေးတို့အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းမှုများတွင် လိုအပ်သည့် ပူးပေါင်းကူညီပံ့ပိုးမှုများ ပြုလုပ်ရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman နှင့် ယနေ့ တွေ့ ဆုံရာတွင် ဆွေးနွေး ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman နှင့် တွေ့ ဆုံစဉ် အသိပေး ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။(Xinhua)