မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်း ၃ ခု အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုခံရသောကြောင့် ရဲ ၉ ဦး ကျဆုံးပြီး တိုက်ခိုက်သူ ၈ ယောက်သေဆုံးကာ တိုက်ခိုက်သူ၂ ယောက် ဖမ်းဆီးခံရကြောင်း မြန်မာအစိုးရက ၉ ရက်နေ့ညက အတည်ပြုပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် ဒေသန္တရလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် မောင်တောခရိုင်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ရဲအရာရှိတစ်ဦးက ဒေသခံမီဒီယာ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တိုက်ခိုက်သူသည် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဝင် ဖြစ်နိုင်ဖွယ်ရာရှိသည်ဟုပြောကြားကြောင်းသိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒေသခံအစိုးရသည် အရပ်သူအရပ်သား ညမထွက်ရအမိန့်နှင့် လူ၅ဦးကျော်စုစည်းပွဲ မကျင်းပရ အမိန့်ကို ထုတ်ပြန်ပြီး ရာနှင့်ချီ သော စာသင်ကျောင်းများကို ကျောင်းပိတ်လိုက်ပြီဟုသိရသည်။